Sunday, July 20, 2014

မ.......

မ...
ခဏတာတွေ့ဆုံခြင်းပါ
ဒါပေမယ့်
ဘာကြောင့်များ....
တစ်ဘဝစာဖြစ်ချင်မိပါလိမ့်...!
မခိုင်လုံတဲ့အကြောင်းပြချက်နဲ့
မတောင့်တအပ်တာကို
ပိုင်ဆိုင်ချင်မိခဲ့သူ.....။
တကယ်ဆို
ဘယ်လိုနည်းနဲ့မှ မဖြစ်ထိုက်
မချစ်ထိုက်တာပါ..
ဒါပေမယ့်
မမြင်နိုင်တဲ့ကြိုးရဲ့
တရစ်ထက်တရစ်တိုးတဲ့
မြတ်နိုးမှုဒဏ်ကို
ကျွန်တော်ထပ်တိုးမခံစားနိုင်တော့ဘူး......မ
မဖြစ်သင့်ခဲ့ပေမယ့်
အချစ်စစ်ဆိုတာ
ဒါလား....မ?
ကျွန်တော်မြင်ယောင်မိပါတယ်
မရဲ့ဒေါနဲ့မာန်နဲ့
ပြောမဲ့ဟန်တွေကို.....
တကယ်လို့
အပြစ်ဖြစ်ခဲ့မယ်ဆိုရင်လည်း
အချစ်သင့်ခဲ့တဲ့
ကျွန်တော့်အတွက်ပဲလေ....!
အမုန်းစိတ်နဲ့
မ.......ကစွန့်ပစ်ခဲ့ရင်လည်း
အပြုံးရိပ်နဲ့
ကျွန်တော်ဆက်ချစ်နေအုံးမှာပါ။
ဒါပေမယ့်
ဘယ်လိုပဲကြိုးစားကြည့်ကြည့်
မရခဲ့တဲ့
ရင်ထဲကအချစ်တွေအတွက်တော့
ညာတာထောက်ထားမှု
မပေးနိုင်ရင်တောင်
လည်ပြန်အကြည့်တချက်လောက်တော့
စောင်းငဲ့ကြည့်ခဲ့ပေးပါတော့လား
မရယ်..........

No comments:

Post a Comment

baganphyo4@gmail.com