Sunday, July 20, 2014

အချစ် ကဗျာ




ချစ်သူ မိုးပေးမယ့် ကောင်းကင်ဟာ
အဖြုပဲ ဖြစ်ဖြစ် အနက်ပဲ ဆိုဆို
အတူတွဲထားတဲ့ လက်တစ်စုံနဲ့
ငါတို့ ရဲ့ သုံးရာသီ အနာဂတ်တွေကို
နွေးထွေးစေမယ်…
ချစ်သူ တည်မယ့် ကမ္ဘာမှာ
နေ လ နဲ့ ကြယ် တစ်စင်းမှ မလင်းဖြစ်ရင်တောင်
ချစ်သူ မျက်ဝန်း အလင်း နဲ့
ကိုယ်လျှောက်မယ့်လမ်း ကိုယ်ရေးခြယ်ကြမယ်
တကယ်ပါ ချစ်သူရယ်
တို့်နေမယ့် တို့နေရာမှာ
နင် ငါ့ကို ချစ်နေဖို့ နဲ့
ငါ နင့်ကို ချစ်နေတယ် ဆိုတာ
နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။

1 comment:

  1. အရမ်းကောင်းပါတယ် စာသားတွေ နောက်လဲထပ်တင်ပေးပါ

    ReplyDelete

baganphyo4@gmail.com