Sunday, July 20, 2014

ဇူလိုင် ......အလွမ်း...။






ချစ်သူ့ အပြုံးနဲ့ မျက်ဝန်း၊
တီတီတာတာ သူ့စကားသံတွေက
ဇူလိုင်လလည် မိုးရယ်ပါ
ညို့မှိုင်း၍ အေးသည်
လျှပ်ပန်းတို့ဖြင့် ၀င်းသည်
နေ့ရက်ဟောင်းနဲ့
ပွင့်ခဲ့ ဖူးတဲ့ ၀ါဆိုပန်းတို့ရေ
တစိမ့်စိမ့်တွေး လျှင်ဖြင့်
တမြေ့မြေ့ကျွမ်း ရပါပေမည်
တမ်းတစ်ခါ ဆွေးတစ်လှည့်
မငိုနဲ့ မငိုနဲ့လို့
မိုးဦးလေညှင်းသို့ နှယ်
ကိုယ်မာန် ကိုယ်တင်း
ခြေစုံ ဆင်းလျက်
တသက်စာ အလွမ်း
ခဏတာ အတွင်း ကုန်အောင်
ဇွတ် လွမ်းနေရ လေတော့သည်။

No comments:

Post a Comment

baganphyo4@gmail.com