
MPT,Ooredoo,Telenor SIM ကတ်များအတွက် အင်တာနက်(APN Setting)အလိုအလျောက် install လုပ်ပေးမယ် application လေးတစ်ခုဖြစ်ပါတယ်။ File size ပေါ့ပေါ့ပါးပါးလေးနဲ့ one click installer လေးတစ်ခုပါ။ ၁ ကြိမ် install လုပ်ထားရုံဖြင့်

ချစ်ရသောသူသိပါစေ
ရင်ခုန်ခံစား အချစ်များနဲ့
တဒင်္ဂပေမဲ့ ပြင်မရလေပြီ
ရွှေရင်မှာဖို လှိုက်လှိုက်ခုန်လို့
ရင်တွင်းသံသာ တေးကဗျာကို
တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ မ အတွက်……။
တူညီခံစား တုန့်ပြန်စကား
ဖွင့်ဟနှူတ်ဖျား ခွန်းခြွေသံများ
နှလုံးအိမ်ဝယ် သိမ်းထားချင်တယ်
အသည်းထဲမှာ နွေးထွေးစွာနဲ့
ရာသက်တိုင်မြဲ မယိုင်လဲပဲ
နှောင်ကြိုးရစ်ချည် တေးပန်ချီကို
တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ မ အတွက်…..။
နှစ်ဦးနားလည် ချစ်ခြင်းဖလှယ်
တန်ပြန်ယဉ်ကျေး အပြုံးနဲ့
အချစ်နှစ်ခု ပေါင်းဆုံပြုဖို့
မုသားမပါ တေးလကာင်္ကို
တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ မ အတွက်……။






